Mark Zuckerberg
From MZ Wiki
| Mark Zuckerberg | |
| မွေးနေ့ | 14 May 1984 ( 26 နှစ် ) |
| မွေးရပ် | Taurus White Plains, New York |
| အလုပ်အကိုင် | Founder, CEO & President of Facebook |
| ပိုင်ဆိုင်မှု | ▲ 2 billion |
| ဘာသာတရား | Atheist |
Mark Zuckerberg ဟာ ၁၉၈၄ မေလ ၁၄ ရက်မှာ မွေးဖွားပါတယ်။ သူဟာ အမေရိကန် စွန့်ဦး စီးပွားရေးသမား ဖြစ်သလို programmer တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ Harvard ကျောင်းသားဘဝက facebook ကို တည်ထောင်ခဲ့ပြီး computer science major က ကျောင်းသားတွေနဲ့ သူ့ အခန်းဖော် Dustin Moskovitz နဲ့ Chris Hughes တို့ အသုံးပြုခဲ့ကြပါတယ်။ Facebook ဟာ social networking site အဖြစ် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ကျောင်းသားတွေ ကြားမှာ ရေပန်းစား နာမည်ကြီးခဲ့ပါတယ်။ သူဟာ Facebook's CEO အဖြစ်လုပ်ကိုင်နေပြီး facebook က မဖြစ်နိုင် မယုံကြည်လောက်အောင် သူ့ကို ချမ်းသာစေခဲ့တယ်။ Time Magazine က Zuckerberg ကို one of The World's Most Influential People of 2008 အဖြစ်ထည့်သွင်း ဖော်ပြခဲ့ခြင်း ခံရပါတယ်။ Zuckerberg ဟာဆိုရင် Scientists & Thinkers category အောက်မှာ ရှိတဲ့ သူ့ရဲ့ web phenomenon, Facebook ကြောင့် ၁၀၁ ယောက်ထဲတွင် အဆင့် 52 ရရှိခဲ့ပါတယ်။
Contents |
အစောဆုံးအခြေအနေ
Zuckerberg ဟာ Dobbs Ferry, New York မှာ ကြီးပြင်းခဲ့ပါတယ်။ New York မှာ ဂျူးဘာသာကိုးကွယ်တဲ့ မိဘများဖြစ်တဲ့ Edward and Karen Zuckerberg တို့နဲ့ အတူနေထိုင်ခဲ့ပါတယ်။ သူ့ အဖေ Edward ဟာ Dobbs Ferry, New York က သွားဆရာဝန် ဖြစ်ပါတယ်။ သူ့အမေကတော့ ခွဲဝန်ဆရာဝန် မဟုတ်တဲ့ ဆရာဝန် တစ်ယောက်ပါ။ သူဟာ Programming ကို middel schools အရွယ်မှ စတင်လေ့လာခဲ့ပါတယ်။ Zuckerberg ဟာ computer programs တွေ ရေးသားခြင်းများနှင့် အထူးသဖြင့် communcation tools များ အသုံးပြုခြင်း games များ ဆော့ကစားတို့မှာ ပျော်ရွှင်တတ်တယ်။ Phillips Exeter Academy တက်နေချိန်မှာတော့ သူ့အဖေရုံးမှာ အလုပ်သမားများအပြန်လှန် ဆက်သွယ်လို့ရအောင် Program ရေးပေးခဲ့ပါတယ်။ သူဟာ Risk game version တွေကို တည်ဆောက်ခဲ့ပြီး Synapse ဆိုတဲ့ music player ကိုလည်း ရေးသားခဲ့တယ်။ Synapse က Artifical Intelligence ကို အသုံးပြုထားပြီး အသုံးပြုသူတွေရဲ့ ဝါသနာပါတဲ့ သီချင်းကို ရွေးချယ်ပေးနိုင်ပါတယ်။ Synapse ကို Microsoft နဲ့ AOL က ဝယ်ယူဖို့ ကြိုးစားခဲ့သေးပါတယ်။ နောက်ပြီး Zcukerberg ကို သူတို့ company ထဲတွင် ပါဝင်လာအောင် ကြိုးစားခဲ့တယ်။ သို့သ်ေလည်း Zuckerberg ကတော့ Harvard တက္ကသိုလ်ကို သာ ဆက်လက်တက်ခဲ့ပါတယ်။
တည်ထောင်ခြင်း
Zuckerberg က facebook ကို သူ့ Harvard အိပ်ခန်းဆောင်မှာ 4 February 2004 မှာ စတင် လွှင့်တင်ခဲ့ပါတယ်။ သူစခဲ့တုန်းက "Harvard-Thing" ဆိုပြီး Harvard အတွက်သာ စခဲ့ပါတယ်။ နောက်တော့ Zuckerberg ဟာ အခြားကျောင်းတွေကိုလည်း ဖြန့်ဝေအသုံးပြုဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် သူ့ အခန်းဖော် Moskovitz အကူအညီနဲ့ အခြား ကျောင်းတွေဖြစ်တဲ့ Standford, Dartmouth, Columbia, Cornell နှင့် Yale စသည့်ကျောင်းများအပြင် အခြား ကျောင်းများစွာကလည်း Harvard နဲ့ social contact အနေနဲ့ ပြန့်နှံ့အောင် ဆောင်ရွက်ခဲ့တယ်။ အဲဒီနောက် နွေရာသီရောက်တဲ့အခါမှာ Zuckerberg နဲ့ Moskovitz တို့လွှင့်တင်ခဲ့တဲ့ Facebook ဟာ ၄၅ ကျောင်းကျော်နဲ့ လူပေါင်း သိန်းကျော် အသုံးပြုနေပါပြီ။ Zuckerberg ဟာ Harvard မှ Alpha Epsilon Pi fraternity အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။
California သို့ပြောင်းရွှေ့ခြင်း
Zuckerberg ဟာ Palo Alto, California ကို Moskovitz နှင့် အခြား တခြားများနှင့်အတူ ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီအချိန်မှ စ၍ သူက college ကျောင်းသားအနေနဲ့ မပြန်ဖြစ်ပါဘူး။ သူဟာ မထမဆုံး office ကို အိမ်သေးသေးလေး စတင်ခဲ့တယ်။ နွေရာသီအကုန် မှာတော့ Zuckerberg ဟာ Peter Thiel နဲ့တွေ့ဆုံခဲ့ပြီး Peter Thiel ဟာ company ကို ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ သူတို့ဟာ ပထမဆုံး ရုံးကို ၂၀၀၄ ခုနှစ် နွေရာသီအတွင်းမှာ ဖွင့်နိုင်ခဲ့ပါတယ်။ Zuckerberg နဲ့ သူတို့ အဖွဲ့ ဟာ Harvard ကိုဆောင်းဦးရာသီမှာ ပြန်ဖို့ စီစဉ်ခဲ့ပေမယ့် မပြန်ဖြစ်ပဲ California မှာပဲ ရှိနေခဲ့ပါတယ်။ Zukcerberg ကို အချို့လူတွေက News Feed ဟာ မလိုအပ်ဘူး cybers talking tools တစ်ခုတာ ဖြစ်တယ်လို့ အပြစ်ရှာခံရပါတယ်။
Facebook Platform
24 May , 2007 မှာတော့ Zuckerberg ဟာ facebook platform ကို ကြေငြာခဲ့ပါတယ်။ Development platform ဟာ programmer တွေကို Facebook မှာ social application တွေ ဖန်တီးနိုင်အောင်ပါ။ အဲဒီ ကြေငြာချက်က အောင်မြင်ခဲ့ပြီး developer communitity မှာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ တစ်ပတ်အတွင်းမှာ applications မြောက်မြားစွာ ဖန်တီးခဲ့ကြပြီး အသုံးပြုသူပေါင်း မီလျံကျော် ရှိခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ facebook မှာ developers ပေါင်း 400,000 ကျော်ရှိနေပြီး တစ်ကမ္ဘာလုံးက Facebook Platform ပေါ်မှာ ရေးသားနေကြပါတယ်။ 23 July 2008 မှာတော့ Zuckerberg ဟာ Facebook Connect ကို ကြေငြာခဲ့ပြန်ပါတယ်။ Facebook Platform version အသစ်တစ်ခု ဖြစ်ပြီး social application တွေ အခြား website တစ်ခုကနေ ဖန်တီးနိုင်ပါတယ်။
Facebook Beacon
6 November 2007 မှာတော့ Zuckerberg ဟာ social advertising system ကို Los Angeles မှာ ကြေငြာခဲ့ပါတယ်။ အဲဒီ program ရဲ့ တစ်စိတ်တစ်ပိုင်းကို Beacon လို့ခေါ်ပါတယ်။ Beacon ဟာ Facebook တွင် သူငယ်ချင်းများကို သူတို့ အခြား site browsing activites တွေကို share လုပ်ခွင့်ရခဲ့ပါတယ်။ eBay seller တွေအနေနဲ့ သူငယ်ချင်းများကို အလိုအလျောက် သိစေမှာဖြစ်ပြီး သူတို့တွေဟာလည်း Facebook news feed ကနေ တဆင့် ဘာတွေ ရောင်းနေလဲဆိုတာကိုလည်း သိနိုင်မှာပါ။ အဲဒီ program ဟာ privacy ကိစ္စနဲ့ ပတ်သက်ပြီး individual users များနဲ့ privacy group ဟာ ပြဿနာတွေ ဖြစ်ခဲ့ပြီး Zuckerberg ဟာ ထုတ်ပြန်ဖို့ နောကျခဲ့ပါတယ်။ 5 December 2007 ခုနှစ်တွင် Zuckerberg က Facebook မှ blog တွင် post တစ်ခုရေးပြီး Beacon ကိစ္စကို တုန့်ပြန်ခဲ့ပါတယ်။ Beacon service ကို မယူပဲ အလွယ်တကူ ပြန်ဖယ်ထုတ်နိုင်ပါတယ်။
ConnectU မကျေနပ်မှု
Zuckerberg's Harvard အတန်းဖော် ဖြစ်တဲ့ Divya Narendra, Cameron Winklevoss, နှင့် Tyler Winklevoss တို့က သူဟာ ConnectU idea ကို သူတို့ဆီက ခိုးယူခဲ့တယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ တရားစွဲဆိုခံရသော်လည်း facebook နဲ့ မဆိုင်ဘူးဆိုကာ ၂၀၀၇ မတ်လ ၂၈ ရက်မှာတော့ အမှုကို ရပ်ဆိုင်းခဲ့ပါတယ်။ သို့သော်လည်း July 25 2007 မှာတော့ Boston တိုင်းအဆင့် တရားရုံးကနေ တဆင့် နောင်တစ်ကြိမ် ခေါ်ယူစစ်ဆေးခဲ့ရပါတယ်။ ဇွန်လ ၂၅ ရက်နေ့ ၂၀၀၈ ခုနှစ်မှာတော့ Facebook က $65 million ပေးပြီး ဖြေရှင်းလိုက်ပါတယ်။
Forbes
Forbes မှာ Zuckerberg ဟာ 321 ယောက်မြောက် အမေရိကန်တွင် အချမ်းသာဆုံးလူတစ်ယောက်အဖြစ်ပါဝင်လာပြီး ပိုင်ဆိုင်မှုက ၁.၅ ဘီလီယံ ရှိပါတယ်။ သူဟာ Forbes မှာ ၄၀၀ မြောက် အသက်အငယ်ဆုံး လူအဖြစ် ပါဝင်လာပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ Zuckerberg's ဟာ ၁ ဘီလီယံ ပဲရှိတော့ပါတယ်။
Microsoft ရဲ့ ရင်းနှီးမြုပ်နှံ့မှု
24 October 2007 တွင် Facebook Inc. ဟာ 1.6% stake ကို Microsoft Corp အား $240 million နဲ့ ရောင်းချခဲ့ပြီး Microsoft က Google Inc. နဲ့ အပြိုင်ဝယ်ခဲ့ရပါတယ်။ ဒါဟာ Facebook market value ဟာ $15 ဘီလီယံ ရှိပါတယ်။ သို့သော်လည်းပဲ အများစု ဆန်းစစ်သူတွေကတော့ ဒီထက် နည်းမယ်လို့ ယုံကြည်ကြပါတယ်။ $240 million ပေးပြီး ဝယ်ယူခဲ့တဲ့ Microsoft က global ad placements နဲ့ shares ကိစ္စတွေမှာ ပါဝင်လာခဲ့ပါတယ်။
