Ray Ozzie
From MZ Wiki
| Ray Ozzie | |
Ray Ozzie at the Web 2.0 Conference | |
| မွေးနေ့ | 20 November 1955 ( 55 နှစ် ) |
| မွေးရပ် | Chicago, Illinois, U.S |
| အလုပ်အကိုင် | Chief Software Architect, Microsoft |
| အိမ်ထောင်ဖက် | Dawna Bousquet |
| ကလေး | ၂ ယောက် |
Ray Ozzie ကို 20 November 1955 မှာ မွေးဖွားခဲ့ပြီး Chief Software Architect အနေနဲ့ Microsoft မှာ တာဝန်ထမ်းဆောင်နေပါတယ်။ သူ့ကို Lotus Notes တီထွင်သူအဖြစ် လူသိများပါတယ်။ သူက Chicago, Illinois မှာကြီးပြင်းခဲ့ပြီး နောက်ပိုင်းမှာတော့ Park Ride ကို ရွှေ့ပြောင်းခဲ့ပါတယ်။ ၁၉၇၃ တွင် Maine South High School မှ အောင်မြင်ခဲ့ပြီး သူဟာ GE-400 mainframe program တွေကို လေ့လာခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ technical work ကို ကျောင်း theater productions မှာ အသုံးချခဲ့ပါတယ်။
သူဟာ bachelor degree ကို computer science နဲ့ ၁၉၇၉ ခုနှစ်တွင် Urbana-Champaign ရှိ University of Illinois မှရရှိခဲ့သည်။ သူဟာ Jonathan Sachs အတွက် Data General Corporation တွင် ပထမဆုံး အလုပ်စတင်လုပ်ကိုင်ခဲ့သည်။ နောက်ပိုင်း Ozzie ဟာ Data General က ထွက်ခွာပြီးနောက် Software Art ကို VisiCalc ရဲ့ ဖန်တီးသူများဖြစ်သည် Dan Bricklin နှင့် Bob Frankston တို့အတွက် VisiCalc နှင့် TK Solver အတွက် ရေးဆွဲပေးခဲ့သည်။ သိပ်မကြာခင်မှာပဲ သူဟာ Sachs နှင့် Mitch Kapor အတွက် Lotus Development စတင်လုပ်ကိုင်ပေးခဲ့သည်။ Lotus Development ဟာ Lotus Symphony ဖြစ်လာစေမယ့် အကြောင်းအရာ တစ်ခုပင်ဖြစ်သည်။ Ozzie ဟာ ၁၉၈၄ တွင် Lotus Development မှ ထွက်ခွာခဲ့ပြီး Iris Associates ကို တည်ထောင်ကာ နောက်ပိုင်းတွင် သူထွင်ခဲ့သော Lotus ကို Lotus Notes အနေနဲ့ ရောင်းချခဲ့သည်။ Iris Associates ကို Lotus က ၁၉၉၄ တွင် ဝယ်ယူခဲ့ပြီး ၁၉၉၅ မှာတော့ IBM လက်ထဲသို့ ရောက်ခဲ့ပါတယ်။ Ozzie ဟာ နှစ်ပေါင်းများစွာ အဲဒီမှာ လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ Groove Network အတွက် လုပ်ကိုင်ခဲ့ပါတယ်။ Groove ကို Microsoft က ၂၀၀၅ ခုနှစ်မှာ ဝယ်ယူခဲ့ပြီးနောက် Ozzie ဟာ Microsoft ရဲ့ Chief Technical Officers ၃ ယောက်ထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
Ozzie နဲ့ သူ့ဇနီး Dawna Bousquet တို့ဟာ ကလေး နှစ်ယောက်ရှိပြီး Neil Ozzie နဲ့ Jill Ozzie တို့ဖြစ်ပါတယ်။
15 June 2006 မှာ Ozzie ဟာ Bill Gates လုပ်ကိုင်ခဲ့သော Chief Software Architect အဖြစ် လွှဲပြောင်းခဲ့ပါတယ်။
